အကြမ်းဖက်ခြင်းသည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ သင့်လျော်ခြင်းမရှိသည့် အကြောင်းအရာ ဖြစ်သည်
- မဖွယ်မရာ၊ ထိကပါး ယိကပါး အပြုအမူများ ကြုံတွေ့ရလျှင် သတင်းပို့ပါ တိုင်ကြားပါ။
- ကိုယ့်ရပ်ရွာ ပတ်ဝန်းကျင် လုံခြုံစိတ်ချရရန် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
- ထိခိုက်ခံရသည့်အချိန်တိုင်း ၊ နှုတ်ဆိတ်ငြိမ်မနေပါနဲ့။
- သင်ယုံကြည်စိတ်ချရသည့်သူ ထံတွင် အကူအညီတောင်းပါ။
- ဤကဲ့သို့အခြေအနေ ကြုံတွေ့ရလျှင် ကိုယ့်ကိုယ်ကို အပြစ်တင်ကာ ရှက်ရွံ့ကြေကွဲ နေတတ်ကြပါသည်။ ဤသို့ကြုံတွေ့ရခြင်းသည် သင့်အပြစ်မဟုတ်ပါ။
- တားဆီးပေးရန် အကူအညီရနိုင်ရန် တောင်းနိုင်ပါသည်။ သင်တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းစရာ မလိုပါ။
- သင် (သို့မဟုတ်) သင့်ကလေးငယ်သည် ထိခိုက်ခံရဖွယ် ရှိပါသည်။ ခေါင်းပုံဖြတ်ခံရမည့် သို့မဟုတ် လူကုန်ကူးခံရမယ့် အန္တရာယ်နှင့် တွေ့ကြုံကောင်း တွေ့ကြုံနိုင်ပါသည်။
- သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ကလေးငယ်များကို အိမ်တွင် တစ်ယောက်တည်း ထားခဲ့ခြင်းများကို မပြုလုပ်ရန်လိုပါသည်။
ထိခိုက်ခံရတိုင်း နှုတ်ဆိတ်ငြိမ် မနေပါနှင့်
သင်ကိုယ်တိုင်ကိုဖြစ်စေ သင့်မိသားစုကိုဖြစ်စေ အကြမ်းဖက်မှုမှ ကင်းဝေးအောင် ကာကွယ်ပါ

