မျိုးဆက်ပွားကျန်းမာရေး ကျား/မ မရွေး ဂရုပြုပေး 

လူငယ်လူရွယ်များနှင့် မျိုးဆက်ပွားကျန်းမာရေး 

အသက် (၁၀) နှစ်မှ (၁၈)နှစ်ထိကို ဆယ်ကျော်သက်အရွယ်ဟု ခေါ်ပြီး (၁၈) နှစ်မှ(၂၄)နှစ်အထိအရွယ်ကို လူငယ်ဟုခေါ်သည်။  

ယဉ်ကျေးမှုဓလေ့ထုံးစံ၏ အဟန့်အတားများအရ လူငယ်လူရွယ်များ သည် မျိုးဆက်ပွားကျန်းမာရေး နှင့်ပတ်သက်၍ မှန်ကန်သည့်အသိပညာနှင့် အလေ့အထများကို ရရှိရန် ခဲယဉ်းပါသည်။ 

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု 

စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ပြောင်းလဲမှု 

အရွယ်ရောက်ပြီးသော ယောက်ျားလေး၊ မိန်းကလေးများသည် 

  • ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားလာခြင်း။ 
  • မိမိကိုယ်တိုင်လည်း စိတ်ဝင်စားခံလိုပြီး အလှပြင်လာခြင်း။  
  • အခြားသူသတိထားမိအောင် ပြုမူ မူနေထိုင်လာခြင်း။ 
  • အပေါင်းအသင်းများနှင့် လွတ်လပ်စွာ နေထိုင်လိုခြင်း။