သမီးလေးသိဖို့ ရာသီသွေးပေါ်ခြင်းအကြောင်း ဆွေးနွေးစို့
ရာသီမပေါ် အရွယ် ကတည်းက သင့်သမီးကို ဒီအကြောင်းတွေ ပြောပြထားရင် သူသိပ်စိတ်ဒုက္ခရောက်မှာ မဟုတ်ပါဘူး။
မိန်းကလေးတိုင်း ရာသီသွေးပေါ်ရတဲ့ သဘာဝရှိတယ်ဆိုတာ သူနားလည်သွားမယ်။
ရာသီသွေးပေါ်ခြင်း (သို့) ဓမ္မတာလာခြင်း
မိန်းကလေးငယ် အရွယ်ရောက်လာရင် သူ့ခန္ဓာ ကိုယ်မှာ ဘက်စုံဖွံ့ဖြိုးလာသည်။ ရာသီသွေးပေါ်ခြင်း(သို့) ဓမ္မတာလာခြင်းဆိုသည်မှာ မိခင်လောင်းဖြစ်လာမည့် အမျိုးသမီးဘဝရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်ပါသည်။
ရာသီသွေးပေါ်သည်မှာ သဘာဝ ဖြစ်ပါသည်
ရာသီသွေးပေါ်ချိန်မှာ ဗိုက်အောင့်ခြင်း၊ ရင်သားနာခြင်း ဖြစ်တတ်ပါသည်။
မိန်းကလေး အသက် (၁ဝ)နှစ်က (၁၄)နှစ်အတွင်းတွင် ရာသီသွေး စပေါ်သည်။ အသက်(၉)နှစ် တွင် စပေါ်လျှင်ဖြစ်စေ၊ အသက်(၁၆) နှစ်ရောက်မှ ရာသီစပေါ်လျှင် ဖြစ်စေ ပြဿနာ မရှိပါ။
သွေးပေါ်ချိန်ကာလမှာ (၃)ရက်မှ (၇)ရက်ကြာတတ်ပါသည်။ တစ်ချို့မှာ (၄) ရက်သာကြာပြီး တစ်ချို့မှာ (၇) ရက်ထိကြာ တတ်ပါသည်။
ပုံမှန်အားဖြင့် တစ်လတစ်ကြိမ် ရာသီလာပါသည်။ ရာသီသွေးပေါ်ခါစ မိန်းကလေးများတွင် လစဉ်မှန်မှန် သွေးပေါ် ချင်မှ ပေါ်မည်။
ရာသီသွေးပေါ်ချိန်တွင် ဂရုစိုက်ခြင်း
မိန်းကလေးများ အနေဖြင့် ရာသီသွေး ဆင်းတာကို လစဉ်သုံးပစ္စည်း ဖြင့် ထိန်းသိမ်းရန် လိုအပ်သည်။ သုံးရလွယ်ကူ သက်သာပြီး သွေးယိုစိမ့် မထွက်နိုင် သည့်အတွက် ကျောင်းသူများ အဖို့ စာကိုအာရုံစိုက် သင်ယူနိုင်သည်။
မိန်းကလေးသုံးအမျိုးသမီးလစဉ်သုံးပစ္စည်းရွေးချယ်ခြင်း။
- ရာသီသွေးဆင်းချိန်မှာ လစဉ်သုံးပစ္စည်း အမျိုးမျိုးကို သုံးနိုင်ပါသည်။
- နေ့သုံး၊ ညသုံး အရွယ် အကြီးအသေး အထူအပါး ပုံစံအမျိုးမျိုးရှိပါသည်။
- နူးညံ့သည့် အမျိုးအစားကို နှစ်ခြိုက်လျှင် ချည်ဖြင့်လုပ်သော ပစ္စည်း ကို သုံးနိုင်ပါသည်။ သွက်သွက်လက်လက် လှုပ်ရှား၊ သွားလာနေချင်လျှင် လစဉ်သုံးပစ္စည်း ပါးပါးကို ရွေးပါ။
- တစ်ခါသုံးပြီးရင် လွှင့်ပစ်ရန်လိုအပ်ပါသည်။
- ရာသီသွေး စိမ့်မထွက်ရန်၊ သန့်ရှင်းရန် လိုအပ်သလို လဲလှယ်ပေးပါ။
- မိခင်အနေဖြင့် ကိုယ့်သမီး မည်သည် ကိုလိုအပ်နေသည်ဆိုတာ အရင်နားထောင်ပါ။
မိန်းကလေးတွေ လစဉ်သုံးပစ္စည်း ကိုသုံးပြီး မည်သို့ပစ်ရမည် ကိုသင်ပေးပါ။
အသုံးပြုပြီးသော လစဉ်သုံးပစ္စည်း ကို လုံခြုံစွာ ထုပ်ပိုး၍အဖုံးပါသည့် အမှိုက်ပုံးတွင် စနစ်တကျ စွန့်ပစ်ပါ။ အိမ်သာတွင်းပစ်ထည့်ပြီးရေလောင်းခြင်းမျိုးမလုပ်ပါစေနှင့်။
အမျိုးသမီးလစဉ်သုံးပစ္စည်းရဖို့ရန် အဆင်မပြေလျှင် အဝတ်စကိုခေါက်ပြီး သုံးနိုင်ပါသည်။ ဆပ်ပြာနှင့် သေချာစွာ လျှော်ဖွပ်ပြီး နေရောင်အောက်မှာ ခြောက်သွေ့အောင်လှမ်း မှသာ သန့်ရှင်းမှု ရှိပါမည်။ ခြောက်သွေ့နေမှသာ ရောဂါပိုး မဝင်နိုင်မှာ ဖြစ်ပါသည်။

