ကိုယ်ဝန်ဆောင်မိခင်လောင်းများဆောင်ရန်
- လမ်းလျှောက်ပါ။ အသင့်အတင့် လှုပ်ရှားပါ။
- ကိုယ်ဝန်ရင့်လာချိန်တွင်လုံလောက်စွာအနားယူပါ။
- သံဓာတ်နှင့် ဖောလစ်အက်ဆစ်ပါသော ဆေးပြားကို ကျန်းမာရေးဝန်ထမ်းမှ ညွှန်ကြားသည့်အတိုင်း မှန်မှန်သောက်ပါ။
- ကိုယ်ဝန်စမ်းသပ်ရန်သွားတိုင်း ကိုယ်အလေးချိန် ပုံမှန်တိုးတက်မှု ရှိ၊ မရှိ စစ်ဆေးပါ။
ကိုယ်ဝန်ဆောင်မိခင်လောင်းများရှောင်ရန်
- ဆေးလိပ်မသောက်ပါနှင့်။ သူတစ်ပါးသောက်သည့်ဆေးလိပ်မီးခိုးကို မရှူမိပါစေနှင့်။
- အထူးသဖြင့် ကိုယ်ဝန်ရင့်ချိန်တွင် ပင်ပန်းသော အလုပ်များမလုပ်ပါနှင့်။
- ဆရာဝန် မညွှန်ကြားဘဲ အခြားမည်သည့်ဆေးမှ မိမိသဘောနှင့် မိမိမသောက်သုံးပါနှင့်။
- အငန်ကိုလွန်ကဲစွာမစားသုံးပါနှင့်။
မိခင်ရောကလေးပါ ဗီတာမင် ဘီဝမ်း ချို့တဲ့မှုမှကာကွယ်ရန် ထမင်းနှင့်အသား၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအမျိုးမျိုးကို စုံလင်စွာစားသုံးပါ
ကိုယ်ဝန်ဆောင်စဉ် အစာပို၍စားပါ
ကိုယ်ဝန်ဆောင်မိခင်လောင်းသည် မိမိအတွက်ရောသန္ဓေသားအတွက်ပါ နှစ်ယောက်စာ အာဟာရဓာတ်များကို လုံလောက်စွာရရှိဖို့ အရေးကြီးသည်။
ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းသည် သာမန်အမျိုးသမီးထက် အစားအစာပိုစားဖို့ လိုအပ်ပါသည်။
ကိုယ်ဝန်ဆောင်စဉ်အာဟာရလုံလောက်စွာ မစားသုံးပါက
- မိခင်သည်အာဟာရချို့တဲ့မှုအမျိုးမျိုး ခံစားရမည်။
- မိခင်သည် ရောဂါထူပြောမည်။ အားနည်းမည်။
- မိခင်သေနိုင်သည့် အန္တရာယ်ပို၍များသည်။
- ကိုယ်အလေးချိန်မပြည့်သောကလေးမွေးမည်။
- ကလေးသေနိုင်သည့် အန္တရာယ်ပို၍များသည်။
ကိုယ်ဝန်ဆောင်စဉ် အစားရှောင်စရာမလိုပါ
ကိုယ်ဝန်ဆောင်မိခင်လောင်းသည်
- အစာအုပ်စု(၃)မျိုးဖြစ်သည့်
အင်အားဖြစ်စေသော အစားအစာများ၊ - ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအစာများ၊
- ရောဂါကာကွယ်စေသောအစာများ
ကို မျိုးစုံအောင် စားသုံးရမည်။

