ကျားမအခြေပြု အကြမ်းဖက်မှု
ကျားမ အခြေပြု အကြမ်းဖက်မှု ဆိုသည်မှာ အမျိုးသားနှင့် အမျိုးသမီးများအကြား လူမှုရေးအရ သတ်မှတ်ချက်များ ကွဲပြားနေခြင်းအပေါ် အခြေခံ၍ တစ်ဦးတစ်ယောက်၏ ဆန္ဒနှင့်ဆန့်ကျင်ကာ ထိခိုက်နစ်နာစေရန် ကျူးလွန်သည့် အပြုအမူ မှန်သမျှကို ခြုံငုံဖော်ပြသော အသုံးအနှုန်းတစ်ခုဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ ခံစားရခြင်းများအပြင် အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ခြင်း၊ အတင်းအကြပ်ဖိအားပေးလုပ်ဆောင်စေခြင်းနှင့် လွတ်လပ်မှုကို ထိပါးစေသည့် အခြားသောလုပ်ဆောင်ခြင်းများလည်း ပါဝင်ပါသည်။
ထိခိုက်ခံရတိုင်း နှုတ်ဆိတ်ငြိမ် မနေပါနှင့်
သင်ကိုယ်တိုင်ကိုဖြစ်စေ သင့်မိသားစုကိုဖြစ်စေ အကြမ်းဖက်မှုမှ ကင်းဝေးအောင် ကာကွယ်ပါ
အမျိုးသမီးတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်ဖို့အစွမ်းသတ္တိဟာ သင့်လက်ထဲမှာပဲ ရှိပါတယ်

