မသန်စွမ်းသူ အဓိပ္ပာယ် ဖွင့်ဆိုချက်

မသန်စွမ်းသူများဆိုသည်မှာရုပ်ပိုင်း၊စိတ်ပိုင်း၊အသိပညာပိုင်း(သို့မဟုတ်)ခံစားမှုအာရုံပိုင်းဆိုင်ရာချို့ယွင်းအားနည်းချက်များကိုရေရှည်ခံစားနေရကာအဆိုပါချို့ယွင်းအားနည်းချက်များကြောင့်အခြားသူများနည်းတူလူ့အသိုင်းအဝိုင်းတွင်အပြည့်အဝထိရောက်စွာပါဝင်ဆောင်ရွက်နိုင်ရေး အတွက်လည်း အမျိုးမျိုးသော အဟန့်အတားများကို ရင်ဆိုင်ခံစားနေကြရသူများ ဖြစ်ပါတယ်။

  • မသန်စွမ်းသူများ အနေဖြင့် မျိုးဆက်ပွါးကျန်းမာရေး ဝန်ဆောင်မှုများကို ၄င်းတို့၏မသန်စွမ်းဖြစ်မှုကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခံရခြင်း မရှိစေပဲ ရရှိခံစားခွင့်ရှိသည်။
  • မသန်စွမ်းသူများအနေဖြင့် မျိုးဆက်ပွါးကျန်းမာရေးဝန်ဆောင်မှုတွေကို အများနှင့်တန်းတူ ရရှိခံစားခွင့်ရှိသည်။