အင်အားဓာတ်(ကယ်လိုရီ)ပို၍ရရှိစေရန်
- ထမင်းပုံမှန်စားနေကျထက် ပို၍ စားနိုင်လျှင် ကောင်းပါသည်။
- ဆီအနည်းငယ် စသည်တို့ကို ပို၍စားသင့်သည်။
သန္ဓေသားကြီးထွားစေသော ပရိုတင်းဓာတ်ပိုမိုရရှိစေရန်
- ပဲအမျိုးမျိုး
- အသား၊ ငါး၊ ဥအမျိုးမျိုး နှင့်
- နို့အမျိုးမျိုး
တို့ကို ပို၍စားသင့်သည်။
သွေးအားကောင်းစေသော သံဓာတ်ရရှိစေရန်
- အသားအမျိုးမျိုး
- အသည်းနှင့်ပဲအမျိုးမျိုး
တို့ကို ပို၍ စားသင့်သည်။
သန္ဓေသားဦးနှောက်ဖွံ့ဖြိုးမှုအတွက် အိုင်အိုဒင်းဓာတ် အလုံအလောက်ရရှိစေရန်
အိုင်အိုဒင်းဆားကိုစားသုံးပါ။
သန္ဓေသား၌အရိုးနှင့်သွားများကို တည်ဆောက်ပေးသော ကယ်လစီယမ်(ထုံးဓာတ်)ရရှိစေရန်
- နွားနို့၊ ကျွဲနို့ စသည့်နို့အမျိုးမျိုး
- အရွက်ဖားဖား ဟင်းရွက်စိမ်းများ
ကို ပို၍စားသင့်သည်
အခြားသော ဗီတာမင်များ၊ ဖောလစ်အက်ဆစ်နှင့် သတ္တုဓာတ်များပို၍ရရှိစေရန်
- အသီးအနှံအမျိုးမျိုးနှင့်
- အစိမ်းရင့်ရောင် ဟင်းရွက်များ
ကို ပို၍စားသုံးသင့်ပါသည်။
နို့တိုက်မိခင်များ အစာပို၍စားပါ
- ကလေးနို့တိုက်နေသည့်မိခင်သည် မိမိအတွက်ရော နို့စို့ကလေးအတွက်ပါ နှစ်ယောက်စာ အာဟာရဓာတ်များကို လုံလောက်စွာရရှိဖို့ အရေးကြီးသည်။
- ထို့ကြောင့် နို့တိုက်မိခင်များသည် သာမန်အမျိုးသမီးများထက် အစားအစာပို၍စားဖို့လိုအပ်ပါသည်။
- နို့တိုက်မိခင်သည် ကိုယ်ဝန်ဆောင်မိခင်လောင်းထက်ပင် အစာပို၍စားသင့်သည်။
- အစာအုပ်စုများကို မျှတစုံလင်အောင်စားရမည်။
နို့တိုက်မိခင်များသည် အစားရှောင်စရာမလိုပါ ။ နို့တိုက်မိခင်အစားရှောင်လွန်းပါက –
- မိခင်သည် အာဟာရချို့တဲ့မှု အမျိုးမျိုးခံစားရမည်။
- မိခင်သည်ဗီတာမင်ဘီဝမ်းချို့တဲ့သဖြင့် ထုံနာကျဉ်နာ စွဲကပ်နိုင်သည်။
- နှလုံးအားနည်းပြီး အသက်အန္တရာယ်ကြုံတွေ့နိုင်သည်။
- ကလေးသည် ဗီတာမင် ဘီဝမ်း ချို့တဲ့သဖြင့်(၂)လမှ (၆)လသား အရွယ်အတွင်း သူငယ်နာဘယ်ရီဘယ်ရီ(Infantile beriberi) ခေါ်ရောဂါဖြင့် ရုတ်တရက် အသက်သေဆုံး နိုင်သည်။
မိခင်ရောကလေးပါ ဗီတာမင် ဘီဝမ်း ချို့တဲ့မှုမှကာကွယ်ရန် ထမင်းနှင့်အသား၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံအမျိုးမျိုးကို စုံလင်စွာစားသုံးပါ

