ကိုယ်ဝန်ဆောင်စဉ် လိုအပ်သော အာဟာရဓာတ်များနှင့် ပို၍စားသုံးသင့်သောအစားအစာများ 

အင်အားဓာတ်(ကယ်လိုရီ)ပို၍ရရှိစေရန် 

  • ထမင်းပုံမှန်စားနေကျထက် ပို၍ စားနိုင်လျှင် ကောင်းပါသည်။ 
  • ဆီအနည်းငယ် စသည်တို့ကို ပို၍စားသင့်သည်။  

သန္ဓေသားကြီးထွားစေသော ပရိုတင်းဓာတ်ပိုမိုရရှိစေရန် 

  • ပဲအမျိုးမျိုး 
  • အသား၊ ငါး၊ ဥအမျိုးမျိုး နှင့် 
  • နို့အမျိုးမျိုး

တို့ကို ပို၍စားသင့်သည်။ 

သွေးအားကောင်းစေသော သံဓာတ်ရရှိစေရန် 

  • အသားအမျိုးမျိုး 
  • အသည်းနှင့်ပဲအမျိုးမျိုး

တို့ကို ပို၍ စားသင့်သည်။ 

သန္ဓေသားဦးနှောက်ဖွံ့ဖြိုးမှုအတွက် အိုင်အိုဒင်းဓာတ် အလုံအလောက်ရရှိစေရန် 

အိုင်အိုဒင်းဆားကိုစားသုံးပါ။ 

သန္ဓေသား၌အရိုးနှင့်သွားများကို တည်ဆောက်ပေးသော ကယ်လစီယမ်(ထုံးဓာတ်)ရရှိစေရန် 

  • နွားနို့၊ ကျွဲနို့ စသည့်နို့အမျိုးမျိုး 
  • အရွက်ဖားဖား ဟင်းရွက်စိမ်းများ

ကို ပို၍စားသင့်သည် 

အခြားသော ဗီတာမင်များ၊ ဖောလစ်အက်ဆစ်နှင့် သတ္တုဓာတ်များပို၍ရရှိစေရန် 

  • အသီးအနှံအမျိုးမျိုးနှင့် 
  • အစိမ်းရင့်ရောင် ဟင်းရွက်များ

ကို ပို၍စားသုံးသင့်ပါသည်။ 

နို့တိုက်မိခင်များ အစာပို၍စားပါ 

  • ကလေးနို့တိုက်နေသည့်မိခင်သည် မိမိအတွက်ရော နို့စို့ကလေးအတွက်ပါ နှစ်ယောက်စာ အာဟာရဓာတ်များကို လုံလောက်စွာရရှိဖို့ အရေးကြီးသည်။ 
  • ထို့ကြောင့် နို့တိုက်မိခင်များသည် သာမန်အမျိုးသမီးများထက် အစားအစာပို၍စားဖို့လိုအပ်ပါသည်။ 
  • နို့တိုက်မိခင်သည် ကိုယ်ဝန်ဆောင်မိခင်လောင်းထက်ပင် အစာပို၍စားသင့်သည်။  
  • အစာအုပ်စုများကို မျှတစုံလင်အောင်စားရမည်။  

နို့တိုက်မိခင်များသည် အစားရှောင်စရာမလိုပါ နို့တိုက်မိခင်အစားရှောင်လွန်းပါက

  • မိခင်သည် အာဟာရချို့တဲ့မှု အမျိုးမျိုးခံစားရမည်။ 
  • မိခင်သည်ဗီတာမင်ဘီဝမ်းချို့တဲ့သဖြင့် ထုံနာကျဉ်နာ စွဲကပ်နိုင်သည်။ 
  • နှလုံးအားနည်းပြီး အသက်အန္တရာယ်ကြုံတွေ့နိုင်သည်။ 
  • ကလေးသည် ဗီတာမင် ဘီဝမ်း ချို့တဲ့သဖြင့်(၂)လမှ (၆)လသား အရွယ်အတွင်း သူငယ်နာဘယ်ရီဘယ်ရီ(Infantile beriberi) ခေါ်ရောဂါဖြင့် ရုတ်တရက် အသက်သေဆုံး နိုင်သည်။