မျိုးဆက်ပွားကျန်းမာရေး ကျား/မ မရွေး ဂရုပြုပေး
လူငယ်လူရွယ်များနှင့် မျိုးဆက်ပွားကျန်းမာရေး
အသက် (၁၀) နှစ်မှ (၁၈)နှစ်ထိကို ဆယ်ကျော်သက်အရွယ်ဟု ခေါ်ပြီး (၁၈) နှစ်မှ(၂၄)နှစ်အထိအရွယ်ကို လူငယ်ဟုခေါ်သည်။
ယဉ်ကျေးမှုဓလေ့ထုံးစံ၏ အဟန့်အတားများအရ လူငယ်လူရွယ်များ သည် မျိုးဆက်ပွားကျန်းမာရေး နှင့်ပတ်သက်၍ မှန်ကန်သည့်အသိပညာနှင့် အလေ့အထများကို ရရှိရန် ခဲယဉ်းပါသည်။
ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှု
ယောက်ျားလေးရော မိန်းကလေးများပါ အရွယ်ရောက်သောအခါ ကိုယ်ခန္ဓာဖွံဖြိုးမှုနှင့်အတူ မျိုးပွားအင်္ဂါ အစိတ်အပိုင်းများတွင်ပြောင်းလဲလာသည်။
ယောက်ျားလေးများတွင် သုက်ရည်လွှတ်ပြီး မိန်းကလေးများတွင် လစဉ်ရာသီသွေး ပေါ်လေ့ရှိသည်။
အရွယ်ရောက်ပြီး ယောက်ျားလေးနှင့် မိန်းကလေး လိင်ဆက်ဆံမိပါက ကိုယ်ဝန်ရှိ နိုင်ပါသည်။
စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ပြောင်းလဲမှု
အရွယ်ရောက်ပြီးသော ယောက်ျားလေး၊ မိန်းကလေးများသည်
- ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားလာခြင်း။
- မိမိကိုယ်တိုင်လည်း စိတ်ဝင်စားခံလိုပြီး အလှပြင်လာခြင်း။
- အခြားသူသတိထားမိအောင် ပြုမူ မူနေထိုင်လာခြင်း။
- အပေါင်းအသင်းများနှင့် လွတ်လပ်စွာ နေထိုင်လိုခြင်း။

