လိင်မှတဆင့် ကူးစက်ရောဂါများ
Sexually Transmitted Infections (STIs)
လိင်မှတဆင့်ကူးစက်ရောဂါများသည်ဖြစ် ပွားမှုနှုန်းများပြီး ကူးစက်ခံရသူများတွင် မည်သည့် ရောဂါလက္ခဏာမျှပြသခြင်းမရှိသည်လည်းဖြစ်နိုင်သည်။
စနစ်တကျကုသမှုခံယူခြင်းမရှိပါက ပြင်း ထန်သောကျန်းမာရေးပြဿနာများဖြစ်ပေါ်နိုင်ပါသည်။ လိင်မှတဆင့်ကူးစက်ရောဂါအများစုကို ပျောက်ကင်းအောင်ကုသနိုင်ပါသည်။
လိင်မှတဆင့်ကူးစက်ရောဂါဆိုသည်မှာ
မိန်းမကိုယ်၊ စအို၊ ပါးစပ်မည်သည့်နည်းနှင့်ဖြစ်စေ လိင်ဆက်ဆံရာမှ တဆင့် ကူးစက်သော ရောဂါ ဖြစ်သည်။
ရောဂါပိုးရှိသူ၏သွေး၊ သုတ်ရည်၊ မိန်းမကိုယ်နှင့်အခြားသော ခန္ဓာကိုယ်မှ ထွက်သောအရည် မှတဆင့် ကူးစက်နိုင်သည်။
ကလေးစီးဖွားစဉ် မိခင်မှကလေးသို့ကူးစက်နိုင်သည်။
ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း မှလည်းကူးစက်နိုင်သည်။
ဖြစ်နိုင်ချေမြင့်မာ:စေသော အကြောင်းရင်းများ
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။
လိင်ဆက်ဆံဖော်များခြင်း။
လိင်မှတဆင့် ကူးစက်ရောဂါဖြစ်ဖူးခြင်း။
အတင်းအကျပ် လိင်ဆက်ဆံခံရခြင်း။
အရက်နှင့် အခြားသောမူးယစ်ဆေးဝါးများကို လွဲမှားစွာ အသုံးပြုခြင်း။
ဆေးထိုးအပ်မျှဝေသုံးစွဲခြင်း။
လိင်စိတ်တက်ကြွသောအသက်အရွယ်ဖြစ်ခြင်း။
အဖြစ်များသော ရောဂါလက္ခဏာများ
လိင်အင်္ဂါ၊ ပါးစပ်နှင့် စအိုတဝိုက်တွင် အနာဖုများပေါက်ခြင်း။
မိန်းမကိုယ်၊ လိင်တံထိပ်နှင့် စအိုမှပုံမှန်မဟုတ်သော အရည်ဆင်းခြင်း။
လိင်အင်္ဂါနှင့် စအိုတဝိုက်တွင်ယားယံခြင်း။
မိန်းမကိုယ်မှ မူမမှန်သွေးဆင်းခြင်း။
လိင်ဆက်ဆံစဉ်နာကျင်ခြင်း။
ဆီးပူဆီးကျဉ်ခြင်း။
ပေါင်ခြံတွင်နာကျင်သောအကျိတ်များထွက်ခြင်း။
ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း။
ဖျားခြင်း၊ ကိုယ်ပူတက်ခြင်း။
ခန္ဓာကိုယ်၊ လက်(သို့) ခြေတွင်အနီဖုများထွက်ခြင်း။

