ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် နို့တိုက်မိခင်များအတွက် အာဟာရ 

ကိုယ်ဝန်ဆောင်မိခင်လောင်းများဆောင်ရန် 

  • လမ်းလျှောက်ပါ။ အသင့်အတင့် လှုပ်ရှားပါ။  
  • ကိုယ်ဝန်ရင့်လာချိန်တွင်လုံလောက်စွာအနားယူပါ။ 
  • သံဓာတ်နှင့် ဖောလစ်အက်ဆစ်ပါသော ဆေးပြားကို ကျန်းမာရေးဝန်ထမ်းမှ ညွှန်ကြားသည့်အတိုင်း မှန်မှန်သောက်ပါ။ 
  • ကိုယ်ဝန်စမ်းသပ်ရန်သွားတိုင်း ကိုယ်အလေးချိန် ပုံမှန်တိုးတက်မှု ရှိ၊ မရှိ စစ်ဆေးပါ။ 

ကိုယ်ဝန်ဆောင်မိခင်လောင်းများရှောင်ရန် 

  • ဆေးလိပ်မသောက်ပါနှင့်။ သူတစ်ပါးသောက်သည့်ဆေးလိပ်မီးခိုးကို မရှူမိပါစေနှင့်။ 
  • အထူးသဖြင့် ကိုယ်ဝန်ရင့်ချိန်တွင် ပင်ပန်းသော အလုပ်များမလုပ်ပါနှင့်။ 
  • ဆရာဝန် မညွှန်ကြားဘဲ အခြားမည်သည့်ဆေးမှ မိမိသဘောနှင့် မိမိမသောက်သုံးပါနှင့်။ 
  • အငန်ကိုလွန်ကဲစွာမစားသုံးပါနှင့်။ 

ကိုယ်ဝန်ဆောင်စဉ် အစာပို၍စားပါ 

ကိုယ်ဝန်ဆောင်မိခင်လောင်းသည် မိမိအတွက်ရောသန္ဓေသားအတွက်ပါ နှစ်ယောက်စာ အာဟာရဓာတ်များကို လုံလောက်စွာရရှိဖို့ အရေးကြီးသည်။  

ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းသည် သာမန်အမျိုးသမီးထက် အစားအစာပိုစားဖို့ လိုအပ်ပါသည်။ 

ကိုယ်ဝန်ဆောင်စဉ်အာဟာရလုံလောက်စွာ မစားသုံးပါက 

  • မိခင်သည်အာဟာရချို့တဲ့မှုအမျိုးမျိုး ခံစားရမည်။ 
  • မိခင်သည် ရောဂါထူပြောမည်။ အားနည်းမည်။ 
  • မိခင်သေနိုင်သည့် အန္တရာယ်ပို၍များသည်။   
  • ကိုယ်အလေးချိန်မပြည့်သောကလေးမွေးမည်။ 
  • ကလေးသေနိုင်သည့် အန္တရာယ်ပို၍များသည်။

ကိုယ်ဝန်ဆောင်စဉ် အစားရှောင်စရာမလိုပါ 

ကိုယ်ဝန်ဆောင်မိခင်လောင်းသည်

  • အစာအုပ်စု(၃)မျိုးဖြစ်သည့် 
    အင်အားဖြစ်စေသော အစားအစာများ၊ 
  • ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအစာများ၊ 
  • ရောဂါကာကွယ်စေသောအစာများ

ကို မျိုးစုံအောင် စားသုံးရမည်။