လူတို့၏ မျိုးပွားအင်္ဂါစုနှင့် ၎င်းတို့၏လုပ်ငန်းတာဝန်များနှင့် ပတ်သက်ပြီး ရောဂါဘယကင်းရှင်းခြင်း၊ မသန်စွမ်းဖြစ်မှုမှ ကင်းရှင်းခြင်းနှင့်ပြည့်စုံ ရုံသာမက ကာယသုခ၊ စိတ္တသုခ၊ လူမှုရေးသုခနှင့်ပါ ပြည့်စုံခြင်းကို မျိုးဆက်ပွားကျန်းမာခြင်းဟုခေါ်သည်။
- မိခင်ရောကလေးပါ ကျန်းမာပျော်ရွှင်နိုင်စေရန် လိုအပ်သည့်ကာလ အတိုင်းအတာတွင် သားဆက်ခြားခြင်း။
- ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နှင့်မွေးဖွားပြီးအချိန်များတွင် ရောဂါဘယ ကင်းရှင်းခြင်း။
- ဆယ်ကျော်သက်များနှင့် လူငယ်လူရွယ်များတွင် မျိုးဆက်ပွားကျန်းမာရေးအသိပညာများ နှင့်ပြည်စုံပြီး ကျန်းမာအောင်ပြုမှုနေထိုင်ခြင်း။
- ဇနီး/ခင်ပွန်း (၂) ဦးစလုံးတွင် HIV/AIDS အပါအဝင် လိင်ဆက်ဆံ မှုမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများမှ ကင်းရှင်းခြင်း။
- ကိုယ်ဝန်ပျက်ခြင်းမှ ကာကွယ်ခြင်းနှင့် ကိုယ်ဝန်ပျက်သူများအား ဘေးအန္တရာယ် ကင်းရှင်းစေခြင်း။
စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ပြောင်းလဲမှု
အရွယ်ရောက်ပြီးသော ယောက်ျားလေး၊ မိန်းကလေးများသည်
- ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားလာခြင်း။
- မိမိကိုယ်တိုင်လည်း စိတ်ဝင်စားခံလိုပြီး အလှပြင်လာခြင်း။
- အခြားသူသတိထားမိအောင် ပြုမူ မူနေထိုင်လာခြင်း။
- အပေါင်းအသင်းများနှင့် လွတ်လပ်စွာ နေထိုင်လိုခြင်း။
မျိုးပွားလမ်းကြောင်း ရောဂါပိုးဝင်ခြင်းကိုကာကွယ်ပါ
- တစ်ကိုယ်ရေသန့်ရှင်းမှုနည်းပါးခြင်းကြောင့် မျိုးပွားအင်္ဂါအစိတ်အပိုင်း များတွင် ရောဂါပိုး ဝင်ရောက်နိုင်သည်။
- မီးဖွားချိန်နှင့် သန္ဓေတားပစ္စည်းထည့်သည့်အချိန်တွင် သန့်ရှင်းမှု မရှိခြင်း၊ ကိုယ်ဝန်ပျက်ခြင်းမှ ရောဂါပိုး ဝင်ရောက်နိုင်သည်။
- ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ် သောရောဂါများ ဖြစ်သည့် HIV/AIDS ရောဂါ၊ ကာလသားရောဂါများ၊အသည်းရောင်အသားဝါဘီနှင့် စီရောဂါများ ကူးစက်နိုင်သည်။
မျိုးပွားလမ်းကြောင်း ရောဂါပိုးဝင်ခြင်းရောဂါလက္ခဏာများ
- အနံ့နံသော အဖြူ (သို့မဟုတ်) ပြည်ဆင်းခြင်း
- မျိုးပွားအင်္ဂါတွင် အနာပေါက်ခြင်း
- ဝမ်းဗိုက်အောက်ပိုင်း မကြာခဏနာခြင်း
- လိင်ဆက်ဆံရာတွင် နာခြင်း
- ချမ်းတုန်ဖျားခြင်း
ကာကွယ်နည်း
- တစ်ကိုယ်ရေသန့်ရှင်းမှုဆောင်ရွက်ခြင်း။
- ရာသီလာချိန်တွင် သန့်ရှင်းမှုဂရုစိုက်ဆောင်ရွက်ခြင်း။
- ကိုယ်ဝန်ဖျက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊
- မီးဖွားချိန်နှင့် သန္ဓေတားပစ္စည်းထည့်သည့်အချိန်တွင် သန့်ရှင်းမှုကို ဂရုစိုက်ဆောင်ရွက်ခြင်း။
- လိင်အပျော်အပါးလိုက်စားမှုမှ ရှောင်ကြဉ်ခြင်းနှင့် ကွန်ဒုံးအသုံးပြုခြင်း၊
- ရောဂါဖြစ်ပွားပါက ကျွမ်းကျင်သူနှင့်ပြသ၍ စနစ်တကျကုသမှုခံယူခြင်း။

