- ကိုယ်ဝန်ဆောင်စောင့်ရှောက်ခြင်း
ကိုယ်ဝန်ရှိလျှင်ရှိချင်း ကျန်းမာရေးဝန်ထမ်းနှင့်အပ်နှံပြသပါ။ - ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို အနည်းဆုံး (၄) ကြိမ်ခံယူပါ။
- မေးခိုင်ကာကွယ်ဆေး (၂)ကြိမ်ထိုးပါ။
- အာဟာရပြည့်ဝအောင် စားသုံးပါ။
- တစ်ကိုယ်ရေသန့်ရှင်းအောင် နေထိုင်ပါ။
- သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
ကိုယ်ဝန်ဆောင်စဉ် သွေး/ရေဆင်းလျှင်၊ ဖောယောင်လျှင်၊ တက်လျှင်၊ ကလေးအလှုပ် နည်းလျှင်၊ သွေးအားနည်းလျှင် ဆေးရုံဆေးခန်းပြပါ။

