ခုခံအားကျကာလသားရောဂါ
(HIV)
ခုခံအားကျကာလသားရောဂါဆိုသည်မှာ HIV ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပြီး ရောဂါလက္ခဏာများမှာ တုပ်ကွေး ကဲ့သို့ ရောဂါလက္ခဏာများမှ ဆိုးရွားသော ရောဂါလက္ခဏာတွေအထိအဆင့်အလိုက် ကွာခြားသည်။
ကုသမှုအနေဖြင့် ART ဟုခေါ်သော ပိုးထိန်းဆေးဖြင့် ကုသရသောနည်းလမ်းရှိပြီး ဆေးပုံမှန်သောက်လျှင် လူ့သက်တမ်းစေ့နေနိုင်ပါသည်။

