ရာသီသွေးဆင်းချိန် ဂရုပြုစရာ
တစ်ကိုယ်ရေသန့်ရှင်းရေး
တစ်ကိုယ်ရေသန့်ရှင်းမှုရှိလျှင် ရောဂါမဝင်ပါ။ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းလည်း မရှိပါ။
မိန်းမကိုယ်ကို တစ်နေ့တစ်ကြိမ်ထက်မနည်း ရေနှင့် ဆေးကြောသန့်ရှင်းပါ။
အိမ်သာမှ ထွက်သည့်အခါတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။
မိန်းကလေးများ မိမိ၏အဝတ်အစားနှင့် အတွင်းခံ သန့်ရှင်းမှုကို ဂရုစိုက်ပါ။
ရာသီပေါ်နေစဉ်အတွင်း ခေါင်းလျှော်နိုင်ပါသည်။င်ပါတယ်။ ရောဂါဖြစ်လျှင် စောစီးစွာ ကုသမှုခံယူနိုင်ရန် အရေးကြီးပါသည်။
အစာအဟာရ
ရာသီပေါ်ချိန်တွင် အားပြည့်ကျန်းမာစေမည့် အစာအာဟာရ စားဖို့ အရေးကြီးပါသည်။ အမျှင်ဓါတ်များများပါသည့် ဟင်းသီးဟင်းရွက်များ ကိုစားပါ။
ရေများများသောက်ပါ။
မနက်စာ မစားဘဲမနေပါနှင့်။
မိန်းကလေးတွေ သွေးပေါ်ချိန်မှာ သွေးအားနည်းတတ်ပါသည်။ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ဟင်းနုနယ်ရွက် ကဲ့သို့ သံဓါတ်များများပါသည့် အစိမ်းရင့်ရောင်အရွက်များ၊ ပဲကတ္တီပါနှင့် သွေးအားကောင်းစေသော အသည်း၊ အသား၊ သွေးခဲများ ကိုစားပါ။
သက်သောင့်သက်သာနေထိုင်ရန်၊
အိပ်ရာ စောစောဝင်ခိုင်းပြီး ကောင်းကောင်းအနားယူပါ။
ချောင်ချောင် ချီချီ အဝတ်အစားများကို ဝတ်ဆင်ပါ။
ခါးကို တင်းကျပ်စွာ မစည်းမိရန် သတိပြုပါ။
ရာသီပေါ်စဉ်အတွင်း ကျောင်းပျက်ရန်မလို၊ လွတ်လပ်စွာလှုပ်ရှားသွား လာနိုင်ပါသည်။

