မိခင်များမှ ဆောင်ရွက်ရန်

မိခင်များအနေဖြင့် သမီးမိန်းကလေး၏ ရာသီသွေးပေါ်ခြင်းကို ဂရုတစိုက် စောင့်ကြည့်ပါ။ အပျိုဖော်ဝင်စမဟုတ်ဘဲ အပျိုဖော်ဝင်ပြီး အချိန်အတော်ကြာမှ ရာသီသွေးလချီ၍ မလာလျှင် သူမတွင် ပြဿနာ တစ်ခုခုရှိနိုင်ပါသည်။ လိုအပ်ပါက စောစီးစွာ ကုသမှုခံယူနိုင်ရန် ကျန်းမာရေး ဝန်ထမ်း/ ဆရာဝန်ထံပြသပါ။


မိမိ၏သမီးမိန်းကလေးကို ဘေးအန္တရာယ်ကင်းအောင် ပြုမူနေထိုင် တတ်ဖို့ရန် သင်ပါ။ ညအမှောင်နှင့်လူပြတ်သော နေရာများတွင် တစ်ယောက်တည်း အပြင်မထွက်ပါနှင့်၊ ဆေးကုသသည့် ဆရာဝန် နှင့် မိခင်မှ ၍လွဲ မိန်းကလေး၏ရင်သားနှင့် မိန်းမကိုယ်ကို ပြသခြင်း၊ ကိုင်တွယ်ခြင်း မပြု စေရ။ မိန်းကလေးမှာ စိုးရိမ်စရာ ကိစ္စတစ်ခုကြုံတွေ့ရ ရင် မိခင်ကို ချက်ခြင်း အသိပေးဖို့ရန် ပြောပြထားပါ။ 


အုပ်ထိန်းသူမိဘအနေဖြင့် မိမိ၏ သမီးမိန်းကလေးများ ကိုယ့်ကိုယ်ကို တန်ဖိုးထားလေးစား တတ်စေရန် သင်ကြားပေးပါ။


မိခင်အနေဖြင့် အခက်အခဲတစ်စုံတစ်ခု ကြုံလျှင် အခြေခံ ကျန်းမာရေးဝန်ထမ်း(အထူးသဖြင့် အမျိုးသမီးကျန်းမာရေးဝန်ထမ်းများ) ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ရောဂါဖြစ်လျှင် စောစီးစွာ ကုသမှုခံယူနိုင်ရန် အရေးကြီးပါသည်။